Month: September 2019

သီတဂူဗုဒ္ဓတက္ကသိုလ်(မန္တလေး)

သီတဂူဗုဒ္ဓတက္ကသိုလ်(မန္တလေး)ကို တည်ထောင်ခြင်း သီတဂူဗုဒ္ဓတက္ကသိုလ်(မန္တလေး)ကို သာသနာနှစ် ၂၅၅၃-ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၀-ခုနှစ်၊ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့၊ ခရစ်နှစ် ၂၀ဝ၉-ခုနှစ်၊ သြဂုတ်လ (၅)ရက်နေ့တွင် သိတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဒေါက်တာအရှင်ဉာဏိဿရက စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်။ သီတဂူဗုဒ္ဓတက္ကသိုလ်(မန္တလေး) တည်နေရာ သီတဂူဗုဒ္ဓတက္ကသိုလ်(မန္တလေး)သည် သာသနဒါယကာ ဘဝရှင် မင်းတုန်းမင်းတရားကြီး တည်ထောင်ဖန်ဆင်းခဲ့သော ပဉ္စမသင်္ဂါယနာတင်ခဲ့ရာ သာသနာ့အောင်မြေ ရတနာပုံမန္တလေးမြို့တော်ကြီး၏ မြောက်ဖက်၊ မန္တလေးတောင်တော်၏